♥ချစ်သူသိပါစေ♥
စကားလုံးလှလှလေးတွေသုံးလို့ 
နင် စိတ်ကြိုက်မပြောခဲ့ဖူးလည်း
ငါ ရင်ထဲမှာ နင် အတွက်ဆို
ငါ စိတ်ဆန္ဒအားလုံးကိုမေ့ထားပြီ
နင် ပျော်ရွှင်ခြင်းကိုတွေး ခဲ့သူပါ
စိတ်တိုလွယ်တက်တဲ့ ငါ
စကားအမှားတွေခဏခဏသုံးခဲ့တယ်
နင် ခံစားချက်မြိုသိပ် ငါ အတွက်
အရာရာကို နားလည်ပေးနိုင်လွန်တဲ့ နင်
ကျေးဇူးပါချစ်သူ ခြောက်သွေ့ နေတဲ့
ငါ နှလုံးသားကန္တာရအပူပိုင် ဇုန်းထဲကို
နင် ရဲ့ မေတ္တာမိုးရေစက်တွေနဲ့ 
စိမ်းလန်စေခဲ့တာပါ ချစ်သူ....
နင် ကိုလက်မလွတ်နိုင်သလို
ဘယ်တော့မှအဆုံးရှုံးခံမှာ မဟုတ်ဘူး
ငါ အတွက် နင် လိုအပ်သလို
နင် အတွက်လည်း ငါ ရှိနေချင်တယ်..
ခံစားချက်တွေကို နင် နားလည်အောင်
မရေးပြတက်ပါဘူး ချစ်သူ
ဝါကျမမှန်တဲ့ ဒီစာစုလေးဟာ
သူ အတွက်ဆိုတာ ချစ်သူသိပါစေ....
®လင်းသစ်နောင်{အလွမ်းမြို့သား}®.........
No comments:
Post a Comment