အလွမ်းမြို့တော် လေးကို လာလည်တယ်နော် တူနယ်ဂျင်း ၀မ်းသာလိုက်တာ

Sunday, 4 August 2013

ဒီလိုပဲလွမ်းနေရအုံမယ်ဆိုရင်

အလွမ်းဒဏ်ရာတချို့ 

ရင်ထဲမှာပျို့ တက်လို့ လာတိုင်း

ငါ ရင်မှာစူးစူးနစ်နစ်ကိုခံစားရတယ်

ချစ်ရသူရယ်.......

မချစ်တက်တာလာ..

အချစ်ကိုမယုံကြည်တာလာ...

ဝေခွဲရခက်စွာ နင်နဲ့ အတူတူ

ကျော်ဖြတ်ခဲ့တဲ့မနက်ဖြန်တွေလဲများခဲ့ပြီလေ....

နင် မသိတဲ့ နင်မရှိတဲ့ နေ့ ရက်တွေမှာ

ငါ တစ်ယောက်ရှူးသွပ်စွာနဲ့ 

မက်ခဲ့တဲ့ အိမ်မက်တွေရယ်...

အလွမ်းတွေကိုစုထားတဲ့ရင်ဘက်ကြီးရယ်...

နင် လွမ်းတိုင်းထထအော်မိလိုက်တဲ့

ငါ အသံတွေရယ်....

နင် ကိုလဲမုန်းမရ ...

ဒီလိုပဲလွမ်းနေရအုံမယ်ဆိုရင်..ချစ်သူရယ်...

ငါ သေနိုင်တယ်ကွယ်.......


လင်းသစ်နောင်(အလွမ်းမြို့ သား)
..

No comments:

Post a Comment