.အချစ်လျှော့တယ်လို့ တော့
မပြောလိုက်ပါနဲ့  ချစ်သူရယ်...
အနေဝေးလို့ 
သွေးအေးတာလည်းမဟုတ်ပါဘူး...
ပျော်ရွှင်ခြင်းတွေနဲ့ တစ်ဘက်
နင် နှစ်သက်တဲ့ဘ၀မှာနေဖို့ 
ချစ်ခြင်းကိုမြိုသိပ် တိတ်တဆိတ်
ငါ နေခဲ့ရတာပါ ချစ်သူရယ်....
နင် သာပျော်ရွှင်မယ်ဆိုရင်လေ
ခံစားချက်ကိုပိတ်ဖုံး ငါပြုံးနေပါမယ်...
အလွမ်းရက်တွေမှာ သက်သေက
နင် ရဲ့ပျော်ရွှင်ခြင်းကို ကျေနပ်
ငါ အတွက်ကတော့
အပြုံးမျက်ရည်တွေပေါ့ ချစ်သူရယ်...
လင်းသစ်နောင်(အလွမ်းမြို့ သား)..
No comments:
Post a Comment