အလွမ်းမြို့တော် လေးကို လာလည်တယ်နော် တူနယ်ဂျင်း ၀မ်းသာလိုက်တာ

Sunday, 4 August 2013

အရာရာကိုခေါင်းငုံ့ အရှုံးပေးတက်တာ နင် ကိုချစ်လွန်လို့ ပါ......

.ငါ ရင်ထဲခံစားချက်တွေကို

စူးစူးနစ်စွာထုတ်ပြခဲ့လည်း.......

နင် ရှေ့ရောက်ရင် ဟာသတပုဒ်လို

ဖြစ်သွားတက်တဲ့ခံစားချက်တွေများခဲ့ပြီ...

သဲထဲကိုရေသွန်ရင်တောင်

အကွက်ရာလေးကျန်နေအုံမယ်.....

နင် ရင်ထဲကို

ငါ အချစ်တွေအကုန်သွန်ချလိုက်တာတောင်

ဘယ်လိုအရာလေးမှမထင်ကျန်ခဲ့တာ

အံသြမိရဲ့ ပြန်ပြောပြမိပါတယ်...

ခံရပေါင်များလဲမမှတ်တဲ့ ငါ လို ငတိ

ဘယ်နှစ်ယောက်ရှိတာမသိလည်း

အချစ်နဲ့ တော့ ဘယ်သူမှ မကင်နိုင်ပါဘူး.....

အရမ်းချစ်မိရင် အရှုံးပေးတက်တာ

ကမ္ဘာဦးအစဉ်အလာကြီးဖြစ်တာမို့ 



ငါ ရဲ့မွေးရာပါအကျင့်လို့ တော့မမှတ်လိုက်ပါနဲ့ 

ချစ်သူ..........



လင်းသစ်နောင်(အလွမ်းမြို့ သား)
.

No comments:

Post a Comment